ယုံကြည်သူ/အချင်းချင်း ပြစ်တင်/ဝေဖန်မှု မပြုနှင့်
14
ယုံကြည်ခြင်း/အားနည်းသော/သူ/ကို လက်ခံကြလော့။ သူ/၏ ထင်မြင်/ယူဆချက်များ/ကို သူ/နှင့် မငြင်းခုံကြနှင့်။ 2 ဥပမာ/ဆိုရ/လျှင် တချို့/က အစားအစာ/အားလုံး/ကို စား/၍/ရကြောင်း ယုံကြည်ကြ၏။ သို့သော် ယုံကြည်ခြင်း/အားနည်းသူ/သည် ဟင်းသီးဟင်းရွက်/ကိုသာ စား၏။ 3 အစားအစာ/အားလုံး/ကို စားသောသူ/သည် မစားသောသူ/ကို မထီမဲ့မြင်/မပြုနှင့်။ မစားသောသူ/သည်လည်း စားသောသူ/ကို အပြစ်/မတင်နှင့်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် သူ့/ကို လက်ခံတော်မူပြီ/ဖြစ်/သောကြောင့်/ပင်။ 4 သင်/သည် မည်သူ/ဖြစ်/၍ သူတစ်ပါး/၏ အစေခံ/ကို အပြစ်/တင်မည်နည်း။ ထို/အစေခံ/၏ လုပ်ဆောင်မှု/သည် ကျေနပ်ဖွယ်/ဖြစ်သည်၊ မဖြစ်သည်/ကိုa သူ/၏ သခင်/က ဆုံးဖြတ်/လိမ့်မည်။ သူ/၏ လုပ်ဆောင်မှု/သည် ကျေနပ်ဖွယ် ဖြစ်/လိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/သည် သူ့/ကို ကူမနိုင်စွမ်း/ရှိတော်မူ/သောကြောင့် ဖြစ်၏။5 တချို့/က နေ့/တစ်နေ့/သည် အခြားသော နေ့/တစ်နေ့/ထက် ပို/၍ မြင့်မြတ်သည်/ဟု ယူဆ/ပြီး တချို့/ကမူ နေ့ရက်/တိုင်း/သည် အတူတူ/ပင် ဖြစ်သည်/ဟု ယူဆကြ၏။ မည်သို့ပင်/ဖြစ်စေ လူတိုင်း မိမိတို့/၏ ယူဆချက်/အပေါ် အပြည့်အဝ/ယုံကြည်မှု ရှိပါစေ။ 6 နေ့/တစ်နေ့/ကို အထူး/နေ့/အဖြစ် အလေးထားသောသူ/သည် ဘုရားသခင်/ကို ထောက်/၍ အလေးထားခြင်း ဖြစ်၏။ အစားအစာ/အားလုံး/ကို စားသောသူ/သည် ဘုရားသခင်/ကို ထောက်/၍ စားခြင်း ဖြစ်၏။ သူ/သည် ထို/အစာ/အတွက် ဘုရားသခင်/ကို ကျေးဇူးတင်၏။ မစားသောသူ/သည်လည်း ဘုရားသခင်/ကို ထောက်/၍ မစားဘဲ/နေခြင်း ဖြစ်၏။ သူ/သည်လည်း ဘုရားသခင်/ကို ကျေးဇူးတင်၏။ 7 ကျွန်ုပ်တို့/တွင် ကိုယ့်/အတွက် အသက်/ရှင်သောသူ/မရှိ။ ကိုယ့်/အတွက် သေသောသူ/လည်း မရှိ။ 8 ကျွန်ုပ်တို့/သည် အသက်ရှင်/လျှင် သခင်ဘုရား/အတွက် ရှင်၏။ သေ/လျှင်လည်း သခင်ဘုရား/အတွက် သေ၏။ ထို့ကြောင့် အသက်ရှင်သည်/ဖြစ်စေ သေသည်/ဖြစ်စေ ကျွန်ုပ်တို့/သည် သခင်ဘုရား/ပိုင်သော/သူများ ဖြစ်ကြ၏။ 9 ခရစ်တော်/သည် သေလွန်သောသူများ/နှင့် အသက်ရှင်သောသူများ/၏ အရှင်သခင်/ဖြစ်/ရန်အတွက် အသေခံ/ပြီး ရှင်ပြန်/ထမြောက်တော်မူခဲ့၏။
10 သို့ဖြစ်၍ သင်/သည် သင်တို့/၏ ညီအစ်ကို/မောင်နှမများ/ကို အဘယ်ကြောင့် အပြစ်တင်သနည်း။ သူတို့/အား အဘယ်ကြောင့် မထီမဲ့မြင်/ပြုသနည်း။ ဘုရားသခင်/၏ တရားခွင်/ရှေ့၌ ကျွန်ုပ်တို့/အားလုံး ရောက်ကြ/ရမည်/ဖြစ်၏။ 11 ကျမ်းစာ/၌
“ထာဝရဘုရား မိန့်တော်မူသည်/မှာ ‘ငါ/သည် အသက်ရှင်သော/ဘုရား ဖြစ်သည့်/အတိုင်း
လူတိုင်း ငါ့/ရှေ့/၌ ဒူးထောက်ရ/လိမ့်မည်။
လူတိုင်း ဘုရားသခင်/ကို ချီးမွမ်း/လိမ့်မည်’ ဟူ၍ ဖြစ်သည်”
ဟု ဖော်ပြထား၏။
12 မှန်ပေ၏။ ကျွန်ုပ်တို့/တစ်ဦးစီ/သည် မိမိတို့/ပြုခဲ့သမျှ/ကို ဘုရားသခင်/ရှေ့တော်/၌ တင်ပြ/အစီရင်ခံရမည်။ 13 ထို့ကြောင့် အချင်းချင်း အပြစ်/မတင်ဘဲ နေကြပါစို့။ အပြစ်/တင်မည့်/အစား အခြား/ယုံကြည်သောသူ/တစ်ယောက်/အတွက် ဆူးငြောင့်ခလုတ် သို့မဟုတ် ထိမိ/၍ လဲစရာ/မဖြစ်/စေရန် ဆင်ခြင်ကြပါစို့။
14 မည်သည့်/အစားအစာ/မျှ ပကတိ/အလျောက် မညစ်ညမ်းကြောင်း/ကို သခင်/ယေရှု/အားဖြင့် အမှန်/ပင် ကျွန်ုပ်/သိ၏။ သို့သော်လည်း တစ်စုံတစ်ယောက်/က ညစ်ညမ်းသည်/ဟု မှတ်ယူ/လျှင် ထို/အစာ/သည် ထို/သူ/အတွက် ညစ်ညမ်း၏။ 15 အခြား/ယုံကြည်သောသူ/တစ်ယောက်/သည် သင်/စားသော/အစာ/ကြောင့် စိတ်အနှောင့်အယှက်/ဖြစ်/လျှင် သင်/သည် မေတ္တာတရား/ဖြင့် အသက်ရှင်/နေထိုင်ရာ မကျတော့ပေ။ ထို/သူ/အတွက် ခရစ်တော်/အသေခံ/ပေးတော်မူခဲ့သည်/ဖြစ်ရာ သင်/စားသော/အစားအစာ/ကြောင့် သူ့/ကို မပျက်စီးစေနှင့်။ 16 သင်တို့/အတွက် ကောင်းသော/အရာ/ကို ကဲ့ရဲ့ရှုတ်ချစရာ မဖြစ်စေနှင့်။ 17 အဘယ်ကြောင့်ဆိုသော် ဘုရားသခင်/၏/နိုင်ငံတော်/တွင် စားသောက်ခြင်း/သည် အရေးမကြီးပေ။ သန့်ရှင်းသော/ဝိညာဉ်တော်/အားဖြင့် ရရှိသော ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းခြင်း၊ ဝမ်းမြောက်ခြင်းတို့/သာ အရေးကြီး၏။ 18 ဤသို့သော စိတ်ထား/ဖြင့် ခရစ်တော်/ကို အစေခံသောသူ/အား ဘုရားသခင်/နှစ်သက်တော်မူ၏။ လူတို့/ကလည်း ချီးမွမ်းကြ၏။ 19 သို့ဖြစ်၍ အသင်းတော်/၌ ငြိမ်းချမ်း/စွာ နေ/စေရန်/နှင့် အပြန်အလှန်/ဆောက်တည်ဖွယ်/ဖြစ်/စေရန် ကြိုးပမ်းကြပါစို့။
20 အစားအစာ/ကြောင့် ဘုရားသခင်/၏ အမှုတော်/ကို မပျက်စီးစေနှင့်။ အစားအစာ/အားလုံး/သည် စားသုံး/သင့်သော/အရာ/ဖြစ်/သော်လည်း ထို/အစာ/ကို စားသုံး/၍ တစ်ပါးသူ/အတွက် ထိမိ/၍ လဲစရာ/ဖြစ်စေ/လျှင် ထို/အခြင်းအရာ/သည် အပြစ်/ဖြစ်၏။ 21 အသား/စားခြင်း၊ စပျစ်ဝိုင်/သောက်ခြင်း/စသော သင်/၏ ညီအစ်ကို/မောင်နှမ/တစ်ဦးဦး တိုက်မိ/၍/လဲစရာ/ဖြစ်စေမည့် အရာ/မှန်သမျှ/ကို ရှောင်သင့်၏။ 22 သင်/ပြုသော/အမှုကိစ္စ/နှင့်/ပတ်သက်၍ အမှား/မရှိ/ဟု သင်/ယုံကြည်/လျှင်လည်း ထို/ယုံကြည်ခြင်း/ကို သင်/နှင့် ဘုရားသခင်/အကြား/၌သာ ရှိစေလော့။ မိမိ/မှန်သည်/ဟု လက်ခံထားသည့်/အမှုကိစ္စ/ကို ပြုလုပ်ခြင်း/အတွက် အပြစ်/မရှိ/ဟု ခံစားရသော/သူ/သည် မင်္ဂလာရှိ၏။ 23 သို့သော် စားသင့်၊ မစားသင့်/ဟူ၍ သံသယစိတ်/နှင့်/စား/လျှင် သင်/သည် ယုံကြည်ခြင်း/နှင့် မစား/သောကြောင့် အပြစ်/စီရင်ခြင်း/ကို ခံရမည်။ မယုံကြည်ဘဲ ပြုလုပ်/သမျှ/အရာတို့/သည် အပြစ်/ဖြစ်၏။